မြဝတီမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့ပေါ် စုရပ် ၇ နေရာတွင် ထိုးနှံပေးသွားမည်
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် မြဝတီမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်ရှိ စုရပ် ၇ နေရာတွင် သြဂုတ်လ ၂ ရက်နေ့မှစတင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။