ပန်းတောင်းမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအသစ်များ ခန့်ထားနိုင်ရေး အစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် အုပ်ချုပ်ရေးမှူးအသစ်များ၊ ရွေးချယ်ခန့်ထားနိုင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ကြီးကြပ်ကော်မတီ (၅) ဦး တာဝန်ပေးနိုင်ရေး အသိပေးရှင်းလင်း

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းလုပ်ငန်းစဉ်အတွက် ကြီးကြပ်ကော်မတီ(၅)ဦး ရွေးချယ် တာဝန်ပေး အပ်နိုင်ရေး အသိပေးရှင်းလင်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများတက်ရောက်ကြသည်။

နမ္မတူမြို့နယ်၌ မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာစိမ့်စမ်းရေး သွယ်ယူခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် (မွမ်းမံ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ပန်၊ နားနကျေးရွာ ကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ချောင်းဦးမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း GAP နည်းစနစ်ဖြင့် အစေ့ထုတ်ပြောင်း ဧက (၂၀) စိုက်ခင်းများ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး ကင်းထောက်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ ကွင်းတာဝန်ခံဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ညောင်ပင်သာ ကျေးရွာအုပ်စု အတွင်းရှိ GAPစနစ်ဖြင့် အစေ့ထုတ်ပြောင်း ဧက(၂၀)စိုက်ခင်းများသို့ ကွင်းဆင်းပြီး ဖော့ငမြှောင် တောင်ပိုး ကာကွယ်နိမ်နင်း နည်းများကို ဒေသခံတောင်သူများ သိရှိနိုင်ကြစေရန် နည်းပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအတွင်းမီးဘေးအန္တရာယ်မဖြစ်ပွါးစေရေး အသံချဲ့စက်ဖြင့်အသိပေးလှုံ့ဆော်

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စု-သာရဘွင်ကျေးရွာအတွင်း မီးဘေး အန္တရာယ် မဖြစ်ပွါးရေး၊ မီးဘေးအန္တရာယ်ကြောင့် မိဘပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်များမပျက်စီး မဆုံးစေရေးအတွက် တကူကျေးရွာအုပ်စု၊ တကူနယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးဖြိုးဝေဝင်းမှဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ၂၀ ရက်နေ့ ညနာရီအချိန်မှ စ၍ မီးသတိ/ မီး အသိရှိကြစေရန် မီးသတ် မော်တော်ယာဉ်နှင့်အသံချဲ့စက်ဖြင့် ရွာတွင်းလမ်းများအတိုင်း အသိပေး လှုံ့ဆော်ပေးကြောင်း သိရှိရသည်။

နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်း-လွယ်ဝိန်းလမ်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်​ရေးအသိပေးနှိုးဆော်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် မီးဘေးကြိုတင် ကာကွယ်ရေး အသိညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီက မြို့ပေါ်ရပ်ကွက် များတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲခြင်းနှင့် စံပြဆုရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ် ဆွေးနွေးပွဲနှင့် စီမံကိန်းကျေးရွာ စံပြဆုရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်း ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၁၀)နာရီအချိန် က အမှိုက်ကင်းစင်စံပြကျေးရွာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာအမှိုက်ကင်းစင်ရေး ကော်မတီဖွဲ့စည်းခြင်းကို မိုးတေကျေးရွာအုပ်စု၊ မိုးတေကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင်ယနေ့မွန်းလွဲ (၂)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club တို့ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ ပြောတတ်ဆိုတတ် ပေါင်းသင်း တတ်တဲ့သူ စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to