မိုင်းလုံမြို့တွင် ကျန်ရှိကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်းသူများကို ထိုးနှံပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် (၃၁.၇.၂၀၂၁) ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အသက်(၆၅)နှစ် အထက် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ထိုးနှံပေးပြီး ကျန်ရှိ ဆေးများကို ယနေ့လည်ပိုင်းအချိန်တွင် ဝန်ထမ်းများ၊ ပရဟိတများနှင့် ဈေးရောင်း သူများကို ထိုးနှံပေးမည်ဖြစ်ကြောင်း မိုင်းလုံမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။