ဘားအံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးသည့် VITAMIN D3 ဆေးရည်များလာရောက်လှူဒါန်း
ကရင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးသည့် VITAMIN D3 ဆေးရည်များကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ လာရောက်လှူဒါန်းသည်။