ရေးမြို့နယ်အတွင်း အသက် (၈၅) နှစ်အထက် အဘိုးအဘွား (၁၂၄၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦးတို့အား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု (၄၄) အုပ်စုရှိ အသက် (၈၅) နှစ် အထက် အဘိုးအဘွား (၁၂၀၅) ဦးနှင့် အသက် (၁၀၀) နှစ်အထက် အဘိုးအဘွား (၄၀) ဦး စုစုပေါင်း (၁၂၄၅) ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အဘိုးအဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အဘိုးအဘွားများ ၏အိမ်အထိ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။