ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တကျန်းမာရေးဌာန တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွား(၁၆၇)ဦး အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီမှ ညနေ(၄)နာရီအချိန်ထိ ဒေသန္တရကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။