ရေကြည် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နေ သည့်ကာလအတွင်း၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်တည်ရန်ခက်ခဲသည့် အသက်(၇၀) နှစ်အထက်ဘိုးဘွားများအား စားသုံးကုန်ပစ္စည်းများ အိမ်အရောက်လိုက်လံထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များစုပေါင်း၍ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ပစ္စည်းလှူဒါန်းရာတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ရပ်တည်ရန်ခက်ခဲသည့် အသက် (၇၀)နှစ် အထက် ဘိုးဘွား(၅၃)ဦးအားတစ်ဦးလျှင် ဆန် (၆)ပြည်၊ ကြက်ဥ (၁၀)လုံး၊ ဆီ (၁) ပိဿာ၊ ပဲ (၅၀) ကျပ်သားတို့အား တက်အားသ၍ သဒ္ဒါကြည်ဖြူစွာဖြင့် လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါလှူဒါန်းမှုများကို စိတ်ပါဝင်စားသဖြင့် လှူဒါန်းချင်စိတ်ဖြစ်ပေါ်လာပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်စာရင်းပေး၍ လာရောက်လှူဒါန်းနိုင်ပါကြောင်း သိရသည်။
အောင်သူဟန်