ညောင်ရွှေမြို့နယ်အတွင်း ထပ်မံဖွင့်လှစ်မည့် Quarantine Centre နေရာများ ပြင်ဆင်ထားရှိမှုကို တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင် လိုက်လံကြည့်ရှု ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအဖွဲ့များအား တွေ့ဆုံ

ညောင်ရွှေ ဩဂုတ် ၂ တောင်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်နှင့် ရှမ်းပြည်နယ် ပြည်နယ်ကုသရေးညွှန်ကြားရေးမှူး ဒေါက်တာဝင်းမော်ဦးတို့သည် ယမန်နေ့နံနက် (၁၀)နာရီခွဲခန့် က ညောင်ရွှေမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုအားပေးရာ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသစ်လွင်သိန်းနှင့် တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် နန်းပန်မြို့ရှိ Quarantine Centre ဖွင့်လှစ်မည့် အ-ထ-က အင်းပေါခုံ ပြင်ဆင်ထားရှိမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နန်းပန်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည်ရှုအားပေးခဲ့သည်။ ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သာလေးကျေးရွာသို့သွားရောက်ပြီး သာလေး တောင်ကျောင်းဓမ္မာရုံ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုကူညီရေး ပရဟိတအသင်းအ ဖွဲ့များနှင့်တွေ့ဆုံ၍ ခရိုင်အုပ်ချုပ်ရေးမှူးမှ လက်ရှိဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်တိုက် ဖျက်နေမှု အခြေအနေများအကြောင်း၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအကြောင်း၊ အင်းလေးဒေသအတွင်း Quarantine Centre နေရာအသစ်များ ထပ်မံဖွင့်လှစ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အများပြည်သူအသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်ရမည့် နည်း လမ်းများကိုလည်းကောင်း ပြည်နယ်ကုသရေးညွှန်ကြားရေးမှူးက ကိုဗစ်-၁၉ ကာကွယ်တားဆီး ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေကြသူများအား ကျန်းမာရေးအသိဖြင့် ဂရုပြုလုပ်ဆောင်ရ မည့်နည်းလမ်းများ၊ ကူညီဆောင်ရွက်ပေးရမည့် နည်းလမ်းများကို လည်းကောင်း ပြည်နယ်ကြက် ခြေနီတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး က အင်းလေးဒေသ ကိုဗစ်-၁၉ တားဆီးကာ ကွယ်ရေးလုပ်ငန်းတွင် ကူညီပံ့ပိုးမှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ၎င်းနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကေလာကျေးရွာသို့လည်းကောင်း၊ နန်းပန်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများနှင့်လည်းကောင်း သွားရောက်တွေ့ဆုံ၍ ရှင်းလင်း ပြောကြားခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ စိုင်းအယ်ဘ