ပိုင်ကျုံမြို၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာဖွင့်လှစ်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

ပိုင်ကျုံ သြဂုတ် ၂

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ထားရှိရန်နှင့် ဆေးကုသပေးနိုင်ရေးအတွက် ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုရားရှစ်ခိုးကျောင်း ဘောင်ဒါဆောင်နှင့် တိုက်နယ်ဆေးရုံ၌ ပိုးတွေ့လူနာများအား ထားရှိကုသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ  ဖွင့်လှစ်နိုင်ရေးပြင်ဆင်ဆောင်ရွက်မှုကို ယမန်နေ့က ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာများနှင့်ရပ်ကွက်တာဝန်ရှိသူတို့ကအမှတ် (၂) ရပ်ကွက် ဘုရားရှစ်ခိုးကျောင်း ဘောင်ဒါဆောင်တွင် ခုတင် ၁၃ လုံးနှင့် ပိုင်ကျုံတိုက်နယ်ဆေးရုံတွင် ကုတင် ၁၆ လုံး စုစုပေါင်း ကုတင် ၂၉ လုံး ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကိုဗစ်-၁၉ရောဂါကုသရေးစင်တာတွင် ပိုးတွေ့လူနာ ၂၉ ဦးထားရှိကုသပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် တိုက်နယ်ဆေးရုံမှ သူနာပြုများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကုသစောင့်ရှောက်မှုများ ဝိုင်းဝန်းကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 ပိုင်ကျုံ (ပြန်/ဆက်)