ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ အတွက် ဆန်အိတ်များ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်မှ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ ချောင်းရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းနှင့်တစ်ချို့ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ အတွက် ဆန်အိတ် များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

နေရပ်ပြန်များနေ့စဉ်ပြန်လာလျက်ရှိ

မူဆယ်မြို့ နန်းတော်ဂိတ်ဖြစ်သော နယ်စပ်ဝင်/ထွက်ဂိတ်တွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တလျောက် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည်၊ ကိုဗစ်၁၉ ရောဂါပြန့်နှံ့နေမှုကြောင့် မိခင်နိုင်ငံသို့နေ့စဉ်နှင့်အမျှ ပြန်ဝင်လာလျက်ရှိရာ (ပိတ်ရက်မရှိ) ၂၆.၇.၂၀၂၁ မှစတင်ပြီး ၉.၈.၂၀၂၁ ရက်နေ့အထိ အမျိုးသား ၂၂၀၈ဦး၊အမျိုးသမီး ၂၉၉၇ဦး၊စုစုပေါင်း ၄၂၀၅ဦး ပြန်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာဘုရားဝင်းအတွင်း၌ အသက် ( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။

သာစည်မြို့နယ်သစ်တောဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး အမြင့်နှစ်ပေအထက် သစ်ပင်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး မိုးရာသီ ကာလ အမြင့်နှစ်ပေအထက် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့ လေဘာတီဂေါက်ကွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြင်ဘုငယ်ကျေးရွာတွင် ကာကွယ်ဆေး မထိုးနှံရသေး သော သံဃာတော်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၈ နာရီခွဲ က ပြင်ဘုငယ်ကျေးရွာ၊ အလကကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

စက်ဆန်းကျေးရွာတွင်ငွေကျပ် (၁၀) သိန်းကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၁၅၁) စုအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်း

ကျေးလက်နေ ပြည်သူတို့ ကိုဗစ်- ၁၉ တတိယလှိုင်းကာလမိသားစုဝင်ငွေလျော့နည်းနေချိန်၌ အထောက်အကူဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊စက်ဆန်းကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား အလှူရှင်မှ အခြေခံ စားသောက်ကုန်များလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ အိမ်တိုင်းရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ် အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ

ရန်ကုန်အ​နောက်ပိုင်းခရိုင် ​ကျောက်တံတားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အားကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို ယ​နေ့နံနက် ၉နာရီခွဲမှ နေ့လယ်၁၀နာရီအချိန်က မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျန်ရှိသည့် သက်ကြီး ဘိုးဘွားများအား ဆက်လက် ထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။

လမ်းမတော်မြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးများ ယနေ့အထိ ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့်အထက်၊ သက်ကြီး ရွယ်အိုများအား၊ ဈေးသည်များ၊ ယာဉ်မောင်းများအား၊ ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍၊ လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခန်းမတွင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဩဂုတ်လ(၃) ရက်နေ့မှယနေ့အထိ၊ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

မိုင်းယောင်းမြို့၌ ထပ်လုံစေတီဘုရားဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ထပ်လုံစေတီဘုရားဝန်းကျင်အနီးတဝိုက် စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိတ်တူကိုယ်တူ ညီအစ်ကိုများ အဖွဲ့က ထပ်လုံစေတီတော်သွား ဘုရားကုန်းအတက်လမ်းတစ်လျှောက်၌ သစ်ပင် ၂၀၀ ကျော်ကို ယမန်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်မှ Liquid Qxygen အရည် (၁၀)တန် သယ်ဆောင်လာသည့်မော်တော်ယာဉ် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ထပ်မံရောက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြ၀တီ နယ်စပ်မှ တဆင့် ခွင့်ပြုပေးလျက်ရှိရာ Liquid Qxygen အရည် (၁၀)တန်သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယမန်နေ့ ည(၁၁း၄၅)နာရီ အချိန် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်းသိရသည်၊၊
Subscribe to