လမ်းမတော် ဩဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၆၅)နှစ်နှင့်အထက်၊ သက်ကြီး ရွယ်အိုများအား၊ ဈေးသည်များ၊ ယာဉ်မောင်းများအား၊ ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍၊ လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခန်းမတွင်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများကို ဩဂုတ်လ(၃) ရက်နေ့မှယနေ့အထိ၊ ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတနှင့်လူမှုကူညီရေး အသင်း အဖွဲ့ ဝင်များက၊ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့တွင် လူဦးရေ စုစုပေါင်း(၁၅၀)ဦးတို့အား၊ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်