သာစည် ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သစ်တောဦးစီးဌာနက ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး မိုးရာသီ ကာလ အမြင့်နှစ်ပေအထက် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက သာစည်မြို့ လေဘာတီဂေါက်ကွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တစ်အုပ် တစ်မသစ်ပင်စိုက်ပျိုးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်၊ ဦးစိုးဝင်းအောင်၊ မြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ဦးစိုးမင်းအောင်နှင့် ဝန်ထမ်းများက ပိတောက်ပင် ၁၄၀ ပင်၊ ပင်လယ်ကဗွီး ၂၀၀ ပင်၊ဗ န်ဒါ ၁၃၀ ပင်၊ မာတာကွတ် ၃၀ ပင်စုစုပေါင်း ၅၀၀ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်သစ်မျိုး ၁၆ မျိုး ၇၅၀၀၀ ပင်ကိုဖြန့်ဝေ ပေးနိုင်ခဲ့ကြောင်းသိရသည်။
ထွန်းထွန်း