မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ်နှင့် မြို့နယ်အတွင်း ဦးစားပေးအဆင့် ၁၂ ခုတွင်ပါဝင်သော ပုဂ္ဂိုလ်များအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်း ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမနှင့် ဟိုနမ့်တိုက်နယ် ဆေးရုံတို့၌ ကာကွယ် ဆေးထိုးစုရပ် နှစ်ခုတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။