ပိုင်ကျုံမြို့ တနင်းသရောကျေးရွာ၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင် ရေးအသိပညာ ပေး နှိုးဆော်ချက်များကို ကရင်၊ မြန်မာဘာသာနှစ်ဘာသာ ဖြင့်လိုက်လံ ကြေညာပေးလျက်ရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှုများအား hand speaker ဖြင့်ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်တွင် ပိုင်ကျုံ မြို့တနင်းသရောကျေးရွာ၌ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။