ဒဂုံ သြဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာဘုရားဝင်းအတွင်း၌ အသက် ( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရ ပါသည်။
ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်(၅)ခုမှ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ဦးတည် အုပ်စု များ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ခြင်းကို ရပ်ကွက်များအလိုက် အလှည့်ကျ ဩဂုတ်လ ၁ ရက် နေ့မှ စတင် ထိုးနှံပေးခဲ့ရာ ယနေ့အထိ သက်ကြီးဘိုးဘွားနှင့် ရဟန်းသံဃာ၊ သီလရှင်များ၊ ဌာနဆိုင်ရာ အဆင့် ဝန်ထမ်းများ၊ ဦးတည်အုပ်စု (၁၃၀၇) ဦးကို ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ စေတနာရှင် ပရဟိတVolunteer များ သတ်မှတ်ထားသည့် ဦးစားပေး အုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံမှုတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသူများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမင်းသူကျော်မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်တုန့်ပြန့်ရေး ကော်မတီမှ အဖွဲ့ဝင်များ၊မြိုနယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း သိရသည်။
ဒဂုံမြို့နယ် (ပြန် /ဆက် )