မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်း များပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲအစည်းများ တက်ရောက်သည်။

လက်ပံတန်းမြို့နယ်ရှိ ဧရာဝတီမြစ်ရေကာတာနှင့် မြစ်မခမြစ်ရေကာတာများ ကြံ့ခိုင်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ယနေ့တွင် ဧရာဝတီမြစ်ရေကာတာနှင့် မြစ်မခမြစ်ရေကာတာ ကြံ့ခိုင်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွား များနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm) များထိုးနှံပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ်နှင့် အထက်ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို သြဂုတ်လ ၉ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစား ခန်းမနှင့်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံး တို့တွင်ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့၌ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများအား ယနေ့နံနက်၉နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော် ခန်းမတွင် ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့တွင်ကိုဗစ်ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးလာရောက်ထိုးနှံသူပေါင်း (၃၇)ဦးရှိကြောင်းသိရသည်။

ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ကုလားကျွန်းသောင် ကျေးရွာတွင် ယနေ့နံနက် (၉:၃၀)အချိန်ကဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အောက်ဆီဂျင်အိုး များ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ အောက်ဆီဂျင်အိုးများ လှူဒါန်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၂ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင် သွားရောက်ကြည့်ရှုစစ်ဆေး

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေမည့် အောက်ဆီဂျင် စက်ရုံတည်ဆောက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးအောင်နှင့်အဖွဲ့ဝင်များ က သြဂုတ်လ(၁၀)ရက် နံနက်(၁၀)အချိန်သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် နောင်ချိုမြို့မဈေး ၊ကျေးလက်ဈေးများနှင့် ညဈေးတန်းများ အား ဩဂုတ်လ ၂၄ ရက်နေ့ထိ တိုးမြှင့်၍ ယာယီပိတ်ထား

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ရောဂါသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဖြစ်ပေါ်ပျံ့ပွားလျက်ရှိရာ လူစုလူဝေး ဖြစ်စေသော နောင်ချိုမြို့မဈေးနှင့်ကျေး လက်ဈေးများ ၊ ညဈေးတန်း တို့ကို ဩဂုတ် ၂၄ ရက်နေ့ အထိတိုးမြှင့်၍ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

မိုင်းဖြတ်မြို့၌ မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ မော်​တော်ယာဉ်(၁)စီး​ ပေး အပ်လှူဒါန်း

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုင်းဖြတ်လူမှုကူညီရေးအသင်းသို့ ​​ မော်​တော်ယာဉ်တစ်​စီး ​ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါ အသင်း ရုံး၌ ကျင်းပပြုလုပ်သည်။
Subscribe to