မြ၀တီနယ်စပ်မှ Liquid Qxygen အရည် (၁၀)တန် သယ်ဆောင်လာသည့်မော်တော်ယာဉ် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ထပ်မံရောက်ရှိ

လသာ ဩဂုတ် ၉ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြ၀တီ နယ်စပ်မှ တဆင့် ခွင့်ပြုပေးလျက်ရှိရာ Liquid Qxygen အရည် (၁၀)တန်သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယမန်နေ့ ည(၁၁း၄၅)နာရီ အချိန် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်းသိရသည်၊၊ အဆိုပါအောက်ဆီဂျင်များကို ရွှေဗျိုင်းဖြူဆီရောင်းဝယ်ရောင်းကုမ္ပဏီမှ လှူဒါန်းခြင်းဖြစ်ပြီး အောက်ဆီဂျင်ကားများ ရောက်ရှိမှုအခြေအနေကို လသာမြို့နယ် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးမြင့်မော် ဦးဆောင်သောအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်းနှင့် အဆိုပါ Liquid Qxygen များကိုရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသမှုခံယူလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါလူနာ များအတွက် အသုံးပြု သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးကပြောသည်၊၊ နိုင်ငံတော်အတွင်း၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊ မြို့နယ်(ပြန်/ဆက်)