မိုင်းယောင်းမြို့၌ ထပ်လုံစေတီဘုရားဝန်းကျင်စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုး

မိုင်းယောင်း ဩဂုတ် ၁၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ထပ်လုံစေတီဘုရားဝန်းကျင်အနီးတဝိုက် စိမ်းလန်းစိုပြည်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိတ်တူကိုယ်တူ ညီအစ်ကိုများ အဖွဲ့က ထပ်လုံစေတီတော်သွား ဘုရားကုန်းအတက်လမ်းတစ်လျှောက်၌ သစ်ပင် ၂၀၀ ကျော်ကို ယမန်နေ့တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ငုဝါပင်၊ မန်ဂျန်ရှား၊ ထောပတ်ပင်၊ ပိန္နဲပင်၊ ကုက္ကိုပင်၊ မန်ကျည်းပင်၊ မယ်ဇလီပင်၊ ပိတောက်၊ ထင်းရှူး၊ ဗန်ဒါ အစရှိသည့် သစ်မာပင်များ၊ အရိပ်ရအပင်များ၊ ရာသီအလိုက်ပွင့်သော အလှပန်းပင်များ စုစုပေါင်း သစ်ပင် ၂၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း