စက်ဆန်းကျေးရွာတွင်ငွေကျပ် (၁၀) သိန်းကျော်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု (၁၅၁) စုအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်း

တွံတေး သြဂုတ် ၁၀

ကျေးလက်နေ ပြည်သူတို့ ကိုဗစ်- ၁၉ တတိယလှိုင်းကာလမိသားစုဝင်ငွေလျော့နည်းနေချိန်၌ အထောက်အကူဖြစ်စေရန်၊ ကိုဗစ်-၁၉ ရောဂါ  ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊စက်ဆန်းကျေးရွာအတွင်းရှိ အိမ်ထောင်စုများအား အလှူရှင်မှ အခြေခံ စားသောက်ကုန်များလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ အိမ်တိုင်းရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၊ စက်ဆန်းကျေးရွာမှ အလှူရှင်ဦးတင်ကိုလတ်+ဒေါ်ခင်ဝင်းရွှေ မိသားစုမှ ကျေးရွာအတွင်းရှိ အိမ်ထောင်စုအားလုံးကို  အခြေခံစားသောက်ကုန်များ လှူဒါန်းရာတွင် အိမ်ထောင်စု (၁၅၀)စုကို လှူဒါန်းပေးခဲ့ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်(၅)ပြည်၊ ကြက်ဥ (၁၀) လုံးစုစုပေါင်း တန်ဖိုးငွေကျပ်(၁၀၆၅၀၀၀၀)ကျပ်ဖိုးကို ကျေးရွာအတွင်းရှိ အိမ်ထောင်စုများသို့ အိမ်တိုင်းရာရောက်လိုက်လံလှူဒါန်းပေးခဲ့သည့်အပြင် နှာခေါင်းစည်း Mask များကိုလည်း ဇူလိုင် ၁၄ရက်နေ့ကလက်ပံဂွကျေးရွာ အုပ်စုရှိကျေးရွာ(၆)ရွာ အိမ်ခြေအကုန်တစ်အိမ်ထောင်စုကို maskတစ်ဘူးနှူန်း၊ ဘုန်းတော်ကြီးကျောင်းများကို ၅ဘူးနှုန်း၊ စာသင်တိုက်တစ်တိုက်ကို ဘူး၃၀၊ စာသင်ကျောင်းတစ်ကျောင်းကို ၅ဘူးနှုန်းဖြင့်ငွေကျပ်သိန်း( ၂၀)ကျော်ဖိုး လှူဒါန်းပေးခဲ့ကြောင်းလည်းသိရသည်။

လှူဒါန်းရာတွင်အိမ်ထောင်စုမိသားစုဝင်များက ဝမ်းမြောက်ဝမ်းသာ လာရောက် ယူဆောင်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်အညီ စနစ်တကျလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 ကျေးရွာသူတစ်ဦးကလည်း" အလှူရှင်တွေ့ ကျေးရွာအတွင်း ပထမ၊ ဒုတိယ၊ တတိယ ကိုဗစ်-၁၉ လှိုင်းတွေမှာ ကျေးရွာအတွင်းပြည်သူတွေ ကိုဗစ်- ၁၉ရောဂါ ပြန်ပွားမှုမရှိစေရေးနှင့် maskတပ်သည့်အလေ့အကျင့်ဖြစ်စေဖို့ maskတွေ လှူဒါန်းပေးပြီးတော့ ကျေးလက်နေပြည်သူတွေ စားဝတ်နေရေးပြေလည်စေရန် အခြေခံစားသောက်ကုန်တွေလှူဒါန်းခြင်း၊ စားသောက်ကုန်ဖြစ်တဲ့ဘဲဥ(၅)လုံး၊ ကြက်သွန်နီ၄၀ကျပ်သား၊ အားလူး၄၀ကျပ်းသားနှင့်အိုင်အိုဒင်းဆားတစ်ထုပ်ကို ပြည်သူများစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်လည်းငွေ(၁၀၀၀)ကျပ်နဲ့ရောင်းပေးတယ်။ တစ်ပတ်တစ်ခါပေါ့နော် သီးစုံဟင်း၊ တို့စရာ၅မျိုးနဲ့ငပိရည်ကျိုပြီးသားတွေ့လှူဒါန်းပေးပါတယ်၊ အခုလိုလှူဒါန်းပေးတဲ့အလှူရှင်ကို ကျေးရွာကိုယ်စားသမီးက ကျေးဇူးတင်ပါတယ်ဟု "မဆုသီရိအောင်က ပြောပါသည်။