ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများ တီကျစ်တိုက်နယ်ဆေးရုံသို့ လှူဒါန်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် တီကျစ်တိုက်နယ်ဆေးရုံတွင် ယနေ့နံနက်ပိုင်းက အလှူရှင်များမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၁၁၆)ဦးအားလွှဲပြောင်း

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဂိတ်ပေါက်မှ ဝင်ရောက်လာသောတရုတ်နိုင်ငံမှပြန်လာ သည့်မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၁၁၆)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စိစစ်လက်ခံကြောင်း သိရှိရသည်။ အဆိုပါနေရပ်ပြန်ပြည်သူ(၁၁၆)ဦးမှာ အမျိုးသား(၇၄)ဦး၊ အမျိုးသမီး(၄၂)ဦးတို့ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ(၁)ဦး၊ မြောက်ဥက္ကလာပမြို့နယ်(၁)ဦး၊ မန္တလေးတိုင်း ဒေသကြီး၊စဉ်ကူးမြို့နယ်မှ(၁)ဦး၊ ကျောက်ဆည် မြို့နယ်မှ(၁)ဉီး၊ တောင်သာမြို့နယ်မှ(၄)ဦး၊ မိတ္ထီလာ မြို့နယ်မှ(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ

ဘိုကလေးမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရေး စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အများပြည်သူများ၏ စုပေါင်း လှူဒါန်းမှုများဖြင့် အောက်ဆီဂျင်စက်ရုံအား ဘိုကလေးမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ ဆေးရုံအနီးတွင် တည်ဆောက်ဖွင့်လှစ်မည်ဖြစ်ရာ စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်း များအား တာဝန်ရှိသူများမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နောင်တရား ဒေသထွက်ကုန်များကို အခြားတိုင်းဒေသကြီးသို့ ပေးပို့လှူဒါန်း

နောင်တရား ဩဂုတ် ၁၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များကို အခြားတိုင်းဒေသကြီးများသို့ ပေးပို့ လှူဒါန်းပေးလျက်ရှိသည်။ နောင်တရားမြို့ လူပျို၊အပျိုအဖွဲ့နှင့် အလှူရှင်များက ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ရောင်းချ၍မရသော စိုက်ပျိုးရေးထုတ်ကုန်များနှင့် အခြားစားသောက်ကုန်များကို လိုအပ်သည့်စားသုံးသူများသို့ ပိုသူလှူ၊ လိုသူယူ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက်၊ မုန့်တီခြောက်၊ ကြက်ဥ၊ ဂျင်း၊ ငရုတ်သီးခြောက်၊ ဂေါ်ဖီထုတ်၊ ခရုမ်းချဉ်၊ ပန်းဂေါ်ဖီ၊ အာလူးစသည့်စာသောက်ကုန်များကို

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွက် ပေးပို့လှူဒါန်းသည့် အောက်ဆီဂျင်အိုးအလုံး ၂၀၀ ကို လက်ခံပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် မြစ်ကြီးနားမြို့အခြေစိုက် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိ တက်မှ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ပေးပို့ လှူဒါန်းမှုအား လက်ခံရယူသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါးဆင်ဝါးနော် ခန်းမ ၌ ကျင်းပပြုလုပ်သည်။

ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် အသက် (၆၅)နှစ် အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေး

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးခြင်းကို ယမန်နေ့ က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ်အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ အတွက် ဆန်အိတ်များ ထောက်ပံ့လှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်မှ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျ ချောင်းရေများ ကျဆင်းလာမှုကြောင့် မြေနိမ့်ပိုင်းနှင့်တစ်ချို့ကျေးရွာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ ရေဘေးရှောင်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် အတွင်း ရေဝင်ရောက်သည့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ အတွက် ဆန်အိတ် များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

နေရပ်ပြန်များနေ့စဉ်ပြန်လာလျက်ရှိ

မူဆယ်မြို့ နန်းတော်ဂိတ်ဖြစ်သော နယ်စပ်ဝင်/ထွက်ဂိတ်တွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တလျောက် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည်၊ ကိုဗစ်၁၉ ရောဂါပြန့်နှံ့နေမှုကြောင့် မိခင်နိုင်ငံသို့နေ့စဉ်နှင့်အမျှ ပြန်ဝင်လာလျက်ရှိရာ (ပိတ်ရက်မရှိ) ၂၆.၇.၂၀၂၁ မှစတင်ပြီး ၉.၈.၂၀၂၁ ရက်နေ့အထိ အမျိုးသား ၂၂၀၈ဦး၊အမျိုးသမီး ၂၉၉၇ဦး၊စုစုပေါင်း ၄၂၀၅ဦး ပြန်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် ဦးစားပေးဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာဘုရားဝင်းအတွင်း၌ အသက် ( ၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အပါအဝင်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပါသည်။
Subscribe to