လေရှီးမြို့တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များသွားရောက် စစ်ဆေးပြီး စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့

နာဂဒေသ၊ လေရှီးမြို့တွင် ဖွင့်လှစ်ထားသော ကျန်းမာရေး စစ်ဆေးရေး ဂိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသ volunteer များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်၌ လူအသွားအလာနှင့် ယာဉ်အသွားအလာများ စစ်ဆေးနေမှု အခြေအနေ များကို သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ခေါက်ဆွဲ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ဖြစ်သည့် Mask၊ လက်သန့်ဆေးရည်၊ လက်အိတ်များကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မြို့ဝင်၊မြို့ထွက်ဂိတ်တွင် စောင့်ကြပ်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်၊ဒုံဟီးမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုဟီး၊နန်ယွန်း အထွက်လမ်းနှင့် ဒုံဟီး၊ လဟယ်အဝင်လမ်းဂိတ်နှစ်နေရာတို့တွင် ကျန်းမာ‌ရေးနှင့် လူအဝင်အထွက် စစ်‌ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး  ဇူလိုင်လ (၁၄) ရက်နေ့စတင်၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်၍ နေ့လယ် ၁၂ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင်အနှေးယာဉ်လုပ်သားများနှင့်ဆင်းရဲနွမ်းပါးသူများအားဆန်များလိုက်လံလှူဒါန်း

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ပရဟိတဆရာတော် ဉူးသု‌ဘောဂမှဉီးဆောင်၍ စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှူဖြင့် အနှေးယာဉ်လုပ်သားကြီးများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွား နေ့စဉ်ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် အနှေးယာဉ်လုပ်သားတစ်ဦးလျှင် ဆန်(၂)ပြည်နှုန်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ လှည့်လည်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် COVID- 19 ထိန်းချုပ်ရေးနှင့်  အရေးပေါ်  တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  သြဂုတ် ၉ ရက်၊ နံနက် ၈နာရီက ပုလဲမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်ပြီး ကိုဗစ်-၁၉ ရောဂါ   ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်၌ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုမရှိစေရေး Mask Campaignဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်MaskCampaignလှုပ်ရှားမှုများကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်၈နာရီကမြို့မစည်ပင်သာယာစျေး၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရှမ်းပြည်နယ် (တောင်ပိုင်း )၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်ကင်းစင်ပပျောက်နိုင်ရေးအတွက် အသက် ၆၅ နှစ်အထက် ပြည်သူများအား ဦးစားပေးအဖြစ်နှင့် မြို့နယ်အတွင်း ဦးစားပေးအဆင့် ၁၂ ခုတွင်ပါဝင်သော ပုဂ္ဂိုလ်များအားလုံးကို ယနေ့နံနက်ပိုင်း၉နာရီမှ  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စျေးတန်း ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ခန်းမနှင့် ဟိုနမ့်တိုက်နယ် ဆေးရုံတို့၌ ကာကွယ် ဆေးထိုးစုရပ် နှစ်ခုတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

COVIDE-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မေတ္တာမြို့၌ ဩဂုတ်လ(၁၀)ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မေတ္တာမြို့အတွင်း ရှိပြည်သူများကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဩဂုတ်လ (၁၀)ရက်နေ့ နံနက်(၉)နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မေတ္တာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှသိရသည်။

မောက်မယ်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

COVIDE-19 စီးပွားရေးကုစားမှုအစီအစဉ်အရ ရှမ်းပြည်နယ် ( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Subscribe to