ကျောက်တံတား ဩဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ အားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၉နာရီခွဲမှ နေ့လယ်၁၀နာရီ အချိန်က မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ကျန်ရှိသည့် သက်ကြီး ဘိုးဘွားများအား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးဒေါက်တာ စိုးလင်းထူးနှင့် သူနာပြု ဆရာမများက ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးမီ သက်ကြီးဘိုးဘွားများအား ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အောက်ဆီဂျင် တိုင်းပေးခြင်း စသည်တို့ကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ နောက်ရက်များတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အသက် (၆၅)နှစ်နှင့်အထက် မိဘပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော ကာကွယ်ဆေးမထိုးရသေးသည့် စေတနာ့ ဝန်ထမ်း များ၊ ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ကာကွယ်ဆေးမထိုးရသေးသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ စသည်ဖြင့် သတ်မှတ်ဦးစားပေးအုပ်စုများအလိုက် အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စေတနာလူမှုကူညီရေး အသင်း များက လုံခြုံရေးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)