သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများအား စျေးနှုန်းမှန်ကန်စေရေးနှင့် ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ပေါ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေးမပြည့်မီသော စံမညီဆေးဝါးများ ရောင်းချခြင်းများ ရှိ/မရှိကို စျေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က ယနေ့နံက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီး ကုတင် ၂၀၀ ဆံ့ရှိ ကိုဗစ်-၁၉ ကုသရေးဌာနတွင် ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦးအထိရှိလာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ခုနှစ်ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦး ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။

ကျေးရွာမတည်ရန်ပုံငွေပေးအပ်ပွဲကျင်းပ

ကျေးရွာမတည်ရန်ပုံငွေ (VRFP) Type-2 အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇေယျာသီရိမြို့နယ် ၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ဒုတိယအကြိမ် နေ့ချင်းဆပ် နေ့ချင်းထုတ်ချေးစနစ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ ကျပ်(၁၉၆)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မိုးသောက်ပန်းစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

မအူပင်မြို့နယ်အတွင်းရှိ အသက်၆၅နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိက ဝန်ထမ်း များနှင့်​ စျေးမိသားစုများအားကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင် မြို့နယ်အတွင်းရှိအသက် ၆၅ နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့်စျေးမိသားစုအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံမှုအား ယမန်နေ့နံနက် ၉ နာရီက မအူပင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေးကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု အခြေအနေ အား  တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်း လုပ်ငန်း ကို ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြိုနယ်ရှိ အ.ထ.က(မြို့မ)ကျောင်း၌ ယမန်နေ့ နံနက်(၁၀) နာရီအချိန်က ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ တိုက်ကြီး ခေတ္တတပ်နယ်မှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ​သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇ ဘဏ်ရှေ့၊ မီးသတ်လမ်းဆုံ၊ ဟဲဇင်းကျေးရွားသွား လမ်းဆုံနှင့် ခြင်္သေ့လေး ကောင်လမ်းဆုံ တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး နှင့် တာဝန်ရှိသူများလိုက်ပါလျှက်  ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေ ရရှိသည်ထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိ နိုင်ရန်  ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။  

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ဒက္ခိဏသီရိစက်မှုဇုန်တွင် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်လည်ပတ်မှုအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရေး အတွက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မျိူးတင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၁၁)နာရီတွင် နေပြည်တော် ဒက္ခိဏ စက်မှုဇုန်ရှိ Sein Tet Aung (စိမ်းတက်အောင်)ကုမ္ပဏီပိုင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင် ထုတ်လုပ်သည့် စက်ရုံမှ အောက်ဆီဂျင် ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှု့စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလှမိုးထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါး စိုက်ပျိုးရာတွင် အောင်ရေရရှိသည်ထိ အပြည့်အဝရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိနိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည် ။
Subscribe to