မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မော်လိုက်မြို့၌ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးနည်းလမ်းများနှင့်အညီ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ် ရွက်ဆိုကာ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သာသနာရေးဆိုင်ရာ လျှောက်ထားလွှာအား ဖတ်ကြားလျှောက်ထားခဲ့သည်။