ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိလိုက်နာဆောင် ရွက်ရမည့် အချက်များအား ကျေးရွာအရောက် အသိပညာပေးနှိုးဆော်
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လှည့်လည် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ထန်းတပင် ၊ ရှားတော၊ သရက်တော ကျေးရွာများသို့ လှည့်လည် ၍ ယနေ့ နံနက်ပိုင်း က အ သံချဲ့စက်ဖြင့် အသိပညာပေး နှိုဆော်ခဲ့ကြပြီး အ ကြောင်းအမျိုးကြောင်း နေအိမ်ပြင်ပသို့ သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစီး Mask များစနစ်တကျတပ်ဆင်ရေးအသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း များကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။