လသာမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအသိပညာပေး ဗီနိုင်းများချိတ်ဆွဲ

လသာ ဩဂုတ် ၁၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ အသိပညာ ပေးဗီနိုင်းများ ချိတ်ဆွဲခြင်းကို ယနေ့နံနက်(၉း၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်၊၊ လသာမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များသည် အမှတ်(၁) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ကမ်းနားလမ်းထောင့်၊ အမှတ်(၇)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း(ဗိုလ်ရွဲလမ်းနှင့်၂၃လမ်းကြား)၊ အမှတ်(၂) ရပ်ကွက်အနော်ရထာလမ်းနှင့်လမ်းမတော်လမ်းထောင့်၊ အမှတ် (၈)ရပ်ကွက် ရွှေတိဂုံဘုရားလမ်း၊ သိမ်ကြီးစျေး (D)ရုံ၊ဝင်ပေါက် (၁၃)ဘေးတို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဗီနိုင်းများကို ချိတ်ဆွဲခဲ့ကြောင်းသိရသည်၊၊ အဆိုပါဗီနိုင်းများတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက်တပ်ဆင်ရန် မသင့်လျော်သော ပါးစပ် နှင့်နှာခေါင်းစည်းMask(6)မျိုး၊အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ထားရန် ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ထားရန်၊ တစ်ဦး နှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေး ကြောရန် စသည့်အချက်အလက်များပါဝင်ကြောင်းသိရသည်၊၊

မြို့နယ်(ပြန်/ဆက်)