တမူးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ

တမူး သြဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းကို ​သြဂုတ်လ(၁၂)ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က ခန့်က ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကမ္ဘောဇ ဘဏ်ရှေ့၊ မီးသတ်လမ်းဆုံ၊ ဟဲဇင်းကျေးရွားသွား လမ်းဆုံနှင့် ခြင်္သေ့လေး ကောင်လမ်းဆုံ တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဖြန့်ဝေရာတွင် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီး ကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ​နေအိမ်ပြင်ပသို့ထွက်ခွာရာ၌ နှာခေါင်းစည်း (Mask)များတပ်ဆင်၍ သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော  လမ်းညွှန်ချက်များကို ပြည်သူများ စနစ်တကျလိုက်နာစေရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြသည်။

 

တမူးခရိုင်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို အများပြည်သူများ သိရှိလိုက်နာစေရန် အသိပေးလိုက်လံနိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

 

ဖိုးကျော်