ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများအတွက် စိစစ်ရေးကတ်ပြားများ ထုတ်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအား စိစစ်ရေးကတ် နှင့် ကိုဗစ်-၁၉ရောဂါ လူနာများ သယ်ယူပို့ဆောင်ရေးယာဉ် စိစစ်ရေးကတ်များကို နေပြည်တော် ကောင်စီ၏ ဦးဆောင်မှုဖြင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသည်။

အုတ်ဖိုမြို့နယ်တွင် Stay at home ကာလအတွင်း ပြည်သူများစည်းကမ်းလိုက်နာမှုရှိ/မရှိ Mobile စနစ်ဖြင့်စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ Stay at home ကာလအဖြစ်သက်မှတ်ကြေငြာထားပြီးဖြစ်ရာ ယမန်နေ့မွန်းလွဲပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ဒေသခံ ပြည်သူများ လိုက်နာမှု ရှိ/မရှိ Mobile စနစ်ဖြင့် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင်ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိစေရေးတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မြင်းခြံမြို့တွင် အမည်မသိလူတစ်စုမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ(၂) ဦး ဒဏ်ရာရ၊ ကလေး (၁) ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄) ရပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ လူ (၂) ဦး ဒဏ်ရာ ရရှိပြီး (၈) လသားအရွယ် မိန်းကလေး (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) တပ်ဆင်ထားရှိမည့် အဆောက်အဦ ဆောက်လုပ်ရန် မြေနေ ရာတွင် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် ( Oxygen Plant ) တပ်ဆင်ထားရှိမည့် အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာတွင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်၇နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်း (မန္တလေး) ရုံး၏ အရှေ့ဘက်မြေကွက်လပ်နေရာ၌ ကျင်းပသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၁၉၉ ဦးဆက် လက်ဝင်ရောက်

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ၁၉၉ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့်ခရိုင် စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ထား ရှိမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ICRC မှ ဆေးစိမ်ခြင်ထောင်များ လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးအတူ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)မှ ဆေးစိမ်ခြင်ထောင်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့်အတူ မြစ်ကြီးနားမြို့ပေါ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်ရွက်

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။

မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး၍ စိုက်ပျိုးရေး ထုတ်ကုန်များ ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာ(၂)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေး ရန်ပုံငွေ ကျပ်သန်း(၁၀၀)ကျော်ဖြင့်  ဆောင်ရွက်ခဲ့သည့် ကျေးလက်ကုန်ထုတ် လမ်း၊ ကွန်ကရစ်တံတားနှင့် Box Culvert များ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်၍ စိုက်ပျိုးရေးထုတ်ကုန်များ ယခင်ကထက် လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင် ပြီဖြစ်ကြောင်း သိရသည်။
Subscribe to