လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၃၀၁)ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၀၁)ဦးကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က   တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံ​ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ပထမ တစ်ကြိမ် ထိုးနှံပြီး ဒုတိယအကြိမ် မထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယ​နေ့ နံနက်(၈) နာရီအချိန်က မြို့နယ်ပြည်သူ့​ဆေးရုံ ဆာဆာကာဝါခန်းမတွင်ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွန်ချက် များနှင့်အညီ  မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ(တတိယလှိုင်း) ကာကွယ် ထိန်းချုပ်ရေး နှင့်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ယနေ့ နံနက် ၁၁ နာရီတွင် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

မိုင်းယောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာအကြောင်း ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု (၄၀)လီတာဆံ့အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်(၁၀)နာရီက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု (၄၀)လီတာဆံ့ အရည်ပါပြီး အောက်စီဂျင်အိုး (၂၀၀)လုံးနှင့် Flow Meter (၂၀၀)ခု ထပ်မံရောက်ရှိမှုအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စည်ပင်သာယာရေးအဖွဲ့များမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရာတွင် ကိုဗစ်-၁၉ရောဂါ ပထမလှိုင်းဖြစ်ပွားချိန် ၂၀၂၀ခုနှစ် မတ်လပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလ ယနေ့အချိန်အထိ  စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့စည်ပင် သာယာရေးအဖွဲ့ပေါင်း (၅၄)ဖွဲ့ဖွဲ့ရှိကာ စည်ပင်သာယာရေးအဖွဲ့ပိုင်‌ ဈေးပေါင်း (၉၃)ဈေးတို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူ/ဈေးလာရောက် ဝယ်ယူသူများအား  ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း ၊ လက်ဆေးရန်နေရာ (ဘေစင်) များ (၂၃၅)ခုထားရှိပြီး လက်ဆေးပြီးမှသာ ဝင်ရောက် စေရေး လုပ်ငန်းများအား နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ဈေးရောင်းသူ ဈေးဝယ်သူများ Mask | Faces shield များ တပ်ဆင်ပြီးမှသာ ဈေးရောင်းဈေးဝယ်စေရေးအတွက် Hand Speaker Sound Box (၁၇၈)ခုတွင် အသံသွင်း၍ အမြဲမပြတ်ဆော်ဩလျက်ရှိကြောင်း တိုင်းဒေသကြီး  စည်ပင်သာယာရေးအဖွဲ့ မှသိရသည်။

ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်အား မလိုက်နာသော ပြည်သူများကို စစ်ဆေးအရေးယူ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ သတ်မှတ် စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ယနေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့အဝင် ဆက်သွယ်ရေးရုံး အနီးတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး

မကွေးမြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စုရပ်အသီးသီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

တွန်းဇံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင်  ယနေ့နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဒေသဖွံဖြိုးရေးအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင်အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် မကျန်ရှိစေရန် တွံ​တေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များမှ စနစ်တကျ စာရင်းပြုစုပြီး ယနေ့နံနက် ၁၁ နာရီကကျန်းမာ​ရေးဦးစီးဌာအစည်းအဝေးခန်းမတွင် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to