ဒိုက်ဦးမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအားစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့တွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ယနေ့နံနက် ၈ နာရီ အချိန်ကစတင်၍စစ်ဆေးသည်။

ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တရုတ်နိုင်ငံထုတ် (Sinopharm)  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစတင်၍ မြို့နယ် အထကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရပါသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိသူ (၂၈၆) ဦး  ရှိကာ သေဆုံးသူ(၇၆)ဦးအထိ ရှိပြီဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက်နေ့မှ စ၍ မျိုးရိုးဗီဇ ပြောင်း  ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ များစတင် တွေ့ရှိခဲ့ရာ ဩဂုတ်(၁၄)ရက် ယနေ့ အထိ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၈၆)ဦး ရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ (၇၆)ဦးအထိရှိကာ ရောဂါ ပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့် ရရှိသူ(၁၈၆)ဦး ရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့် ပြန်ရေးကော်မတီမှ သိရသည်။

ကျောက်တော်မြို့၌  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရန်အတွက် မြို့မ အားကစားကွင်း ယာယီပျံကျဈေး၌ အသိပညာပေးခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်စည်း မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် ယနေ့ နံနက် ၁၀ နာရီ အချိန်က  မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့မအားကစားကွင်းရှိ ယာယီပျံကျဈေး၌ ဈေးရောင်း/ဈေးဝယ်လာသူများကို ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင်များပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့်၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးရေး ၊ ဆေးဆိုင်များအနေဖြင့် စျေးနှုန်းတင် ရောင်းချမှု မရှိစေရေး ၊ ဆေးဝါးများ ပြတ်လတ်မှု မရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရေးတို့ အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားရှိပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားရှိသည့် တက္ကသိုလ် ၊ ကောလိပ်များနှင့် အခြေခံပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ ၊ ဝန်ထမ်းများ အပါအဝင် ထိုးနှံထားရှိပြီးသူ (၃၀၃) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံပေး လျက်ရှိသည်။

မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာ အစေးခြစ်လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေတိုးပွား

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသမိုင်းယုမြို့ရှိ ဒေသခံ တောင်သူများ နှစ်ရှည်ရော်ဘာများစိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချ လျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေတိုးပွားလျက်ရှိသည်။

အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆေးများကို ဆက်လက် ထိုးနှံပေး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မြို့နယ် အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်၉ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာ လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊
Subscribe to