ဟင်္သာတ၊ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက် စောင့်ကြည့်၊ စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များ ဖွင့်လှစ်ရောင်းချပေးရေး ၊ ဆေးဆိုင်များအနေဖြင့် စျေးနှုန်းတင် ရောင်းချမှု မရှိစေရေး ၊ ဆေးဝါးများ ပြတ်လတ်မှု မရှိစေရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ နည်းလမ်းများအား တိကျစွာလိုက်နာဆောင်ရွက်ရေးတို့ အတွက် ယနေ့ နံနက် ၈ နာရီအချိန်တွင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ခရိုင်FDA၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး များ ပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ဆေးဆိုင် ( ၃၇ )ဆိုင် သို့ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကိုဇော် (ဟင်္သာတ)