မြန်အောင်မြို့နယ်အတွင်း Sinopham ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်အတွင်း လူမျိုးဘာသာမရွေး အသက် (၆၅)နှစ်အထက် သက်ကြီးရွယ်အိုများနှင့်သတ်မှတ်ဦးတည်အုပ်စုများအား Sinopham ကိုဗစ် ကာကွယ်ဆေးထိုးနှံခြင်းကို ဆေးထိုးစုရပ် (၁၀)နေရာ သတ်မှတ်ထားရှိပြီး ယနေ့ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါကုသရေးစင်တာအတွက် လိုအပ် သော အောက်ဆီဂျင် ၄၀ လီတာဆန့် ၁၅ လုံးအား Crown ဘိလပ်မြေစက် ရုံမှဖြည့်ဆည်းကူညီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာအတွက် လိုအပ်သော အောက်ဆီဂျင် ၄၀ လီတာဆန့် ၁၅ လုံးကို Crown ဘိလပ်မြေစက်ရုံမှ ဖြည့်ဆည်းကူညီပေးရာ ပရဟိတလူငယ်များမှ ယမန်နေ့ကသွားရောက် သယ်ယူခဲ့ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။

ဘီးလင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်

သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အောက်ဆီဂျင်လုံလောက်စွာရရှိနိုင်ရန် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တစ်နေ့လျှင် (၄၀) လီတာဝင်အိုး (၂၅) လုံးထွက်ရှိမည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးအတွက် အလှူငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အတွက် ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများ စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် ယနေ့နံနက် ၉နာရီခွဲအချိန် က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to