စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှု မရှိစေ ရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက် ဆောင်ရွက် ခဲ့သည်။

ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်ထိုးနှံပေးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၃) နေရာခွဲပြီး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလိုက်လံ နှိုးဆော်မှုအား အရှိန်အဟုန်မြင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်မြင့် ဆောင်ရွက်ရှိရာ ယနေ့နံနက်(၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ လူစည်း ကားရာ နေရာများတွင် လိုက်လံအသိပညာ ပေးနှိုးဆော်ခဲ့သည်။

ခင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁၄ ရက် နံနက် ၉ နာရီက စ၍ အုပ်စု (၄) ဖွဲ့ခွဲ၍ ထိုးနှံပေးလျက် ရှိသည်။

အမာမြို့၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို ရန်ကုန်မြို့၊ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်းမှ လာရောက်၍ အောက်ဆီဂျင် အရည်များဖြည့်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)မှ အောက်ဆီဂျင် အိုးကြီးများယူလာပြီး အမာမြို့ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ပိုင် အောက်ဆီဂျင်အိုး အလွတ်များထဲသို့ အောက်စီဂျင်အရည်များဖြည့်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နေ့လယ်၌ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။

ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် Oxygen Concentrator (၁၉) လုံးဖြင့် လူနာများ အောက်ဆီဂျင် လုံလောက်စွာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၃ ရက်နေ့က RDT Test Kit ဖြင့် ကိုဗစ်-၁၉ သံသယရှိသူ (၁၀၆) ဦးကို အခမဲ့စစ်ဆေးပေးခဲ့ရာ အတည်ပြုလူနာ (၂၅) ဦး ထပ်မံတွေ့ ရှိကြောင်း မြို့နယ်ကုသရေးဦးစီးဌာနက သိရသည်။

ဒီပဲယင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်ကွက် (၅၉၅)ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် မိုးစပါးမျိုးစေ့ထုတ် လျာထားဧက (၁၄၂၀) ဧက လျာထားပြီး (၅၉၅) ဧကစိုက်ပျိုး ပြီးစီးကြောင်း ဒီပဲယင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာ မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှသိရသည်။

တိုက်ကြီးမြို့နယ် မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးနေမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာအုပ်စုရှိ မြစိမ်းတောင်ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေများ ဒုတိယအကြိမ်မြောက် ဆက်လက် ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူ များနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေနိုင်ရန် ၊ ရရှိလာသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်မြောက်ဆက်လက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ကကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လေဘေးသင့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
Subscribe to