ကျောက်တော် ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်စည်း မဖြစ်မနေ တပ်ဆင်သွားလာရေးအတွက် ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့မှ မြို့မအားကစားကွင်းရှိ ယာယီပျံကျဈေး၌ ဈေးရောင်း/ဈေးဝယ်လာသူများကို ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Maskများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုအတိုင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အဆိုပါပူးပေါင်းအဖွဲ့မှ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ တပ်ဆင်အသုံးပြုသွားလာကြရန်၊ ကျန်းမာရေးဆိုင်ရာအသိပညာပေး နှိုးဆော်ခြင်း၊ မြို့အဝင်အထွက်နေရာများ၊ ကားဂိတ်များ၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး လတ်တလောအသက် ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ လမ်းသွား လမ်းလာများနှင့် အငှားယာဉ်မောင်းနှင်သူများကို အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာကြရန်နှင့် နှာခေါင်းစည်း Mask မပါရှိသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)