ဆိပ်ကြီးခနောင်တိုမြို့နယ်၌ကိုဗစ်-၁၉ ရောဂါပိုး‌ တွေ့ရှိသူ (၂၈၆) ဦး  ရှိကာ သေဆုံးသူ(၇၆)ဦးအထိ ရှိပြီဖြစ်

ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက်နေ့မှ စ၍ မျိုးရိုးဗီဇ ပြောင်း  ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ များစတင် တွေ့ရှိခဲ့ရာ ဩဂုတ်(၁၄)ရက် ယနေ့ အထိ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၈၆)ဦး ရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ (၇၆)ဦးအထိရှိကာ ရောဂါ ပျောက်ကင်း၍ ဆေးရုံ ဆင်းခွင့် ရရှိသူ(၁၈၆)ဦး ရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့် ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအနက် (၁)ဦးအား ဗဟိုအမျိုးသမီးဆေးရုံ၊ အင်းလျား စင်တာသို့(၁)ဦးနှင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ (၃)ဦးလွှဲပြောင်းကုသပေးလျက်ရှိပြီး၊ ကျန် (၁၉)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံ၊ ကုသရေးစင်တာ (မြို့နယ်အားကစားခန်းမ)နှင့် ကုသရေး စင်တာ(ထ-ခွဲ အ.လ.က) ကျောင်းများတွင် ထားရှိကြပ်မတ် ကုသပေးလျက်ရှိပြီး၊ ရောဂါ ဆက်လက် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်လည်း မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင် ဌာန ဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ မှလည်း နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့် နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားမှုများအား မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများ တွင်ပြုလုပ်၍ Mask များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ မြို့နယ်ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် ရန်အတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာန ၏ လမ်းညွှန် ချက်များအား အသံချဲ့စက်ဖြင့် နေ့စဉ် လှည့်လည် ကြေညာပေးခြင်း စသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန် အဟုန်မပြတ် ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

 

ဝေယံ(IPRD)