ကျုံပျော်မြို့၊ တေဇရပ်ကွက်တွင် ချို့တဲ့အိမ်ထောင်စု (၂၅၀) ကို ဆန်များထောက်ပံ့ပေးအပ်,
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်ရှိ ချို့တဲ့အိမ်ထောင်စု (၂၅၀)ထံ သို့ ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို တေဇရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဩဂုတ်၁၄ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ပြီး တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၂၅၀)ထံသို့ ဆန်(၇၅၀)ပြည်အား အသီးသီးပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။