ကျောက်တံခါးမြို့နယ် သူဌေးကုန်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် ယမန်နေ့ကကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် လေဘေးသင့် အိမ်ထောင်စုနှစ်စုအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။