ထီးချိုင့် ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှစတင်၍ မြို့နယ် အထကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရပါသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ထီးချိုင့်မြို့နယ်အတွင်းရှိ ချွန်းတောင်အုပ်စု၊ လေသာကျေးရွာ အုပ်စု၊ ကျောက်မှော်ကျေးရွာအုပ်စု၊ နီတာအုပ်စု၊ ဆပ်ကျကျေးရွာအုပ်စု၊ ဆင်ဖြူဆိပ်ကျေးရွာအုပ်စု၊ စစ်တန်း ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေးထိုး ရန်ကျန်နေသူပြည်သူ (၅၁၉) ဦး လာရောက်ထိုးနှံကြပြီး ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအဆင်ပြေချောမွေ့စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦစီးဌာနမှ ဒုဦးစီးမှူး ဦးချမ်းမြေ့နိုင်၊ ဒေါ်နွယ်နွယ်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)