အောင်မြေသာစံ ဩဂုတ် ၁၄
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီက မြို့နယ် အတွင်းရှိ ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အောင်မြေသာစံမြို့နယ်ရှိ ဆေးထိုးစုရပ်များတွင် အသက်(၆၅)နှစ်အထက်ရှိသူများအား ဒေါနဘွားရပ်ကွက် မုန်တိုင်ဓမ္မာရုံ၌ (၁၂၆)ဦး၊ အမရဌာနီအရှေ့ရပ်ကွက်ဒေါ်ဖီဓမ္မာရုံ၌(၅၂)ဦး၊ ပြည်ကြီးရန်လုံရပ်ကွက် ကိုးခန်း ဓမ္မာရုံ၌(၁၆၆)ဦး၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဘုရားရှိ ရွှေကျီးနားဓမ္မာရုံတွင် (၉၀)ဦးတို့နှင့် အမရဌာနီအရှေ့ရပ်ကွက်ရှိ အရက်ချက်စက်ရုံ၌ စက်ရုံ/အလုပ်ရုံ ဝန်ထမ်း(၂၅၀)ဦး တို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆေးများကို ထိုးနှံပေးခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကာကွယ် ဆေးထိုးနှံပေးကြပြီး အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးအောင်သန်းဇော်ဦးဆောင်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)