တောင်ငူ ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားရှိသည့် တက္ကသိုလ် ၊ ကောလိပ်များနှင့် အခြေခံပညာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမ များ ၊ ဝန်ထမ်းများ အပါအဝင် ထိုးနှံထားရှိပြီးသူ (၃၀၃) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံပေး လျက် ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာ၌ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ခြင်း ၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး တစ်ရက်လျှင် လူဦးရေ (၇၀) ခန့် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာ၌ ဦးစားပေးဦးတည်အုပ်စုများ အဖြစ် ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်များ၊ သီလရှင်များ ၊ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံများနှင့် ဘဏ်များတွင် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ လူမှုကူညီရေး အသင်းအဖွဲ့ များ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေကြသည့် စေတနာ့ဝန်ထမ်း ကျန်းမာရေးအဖွဲ့များ အပါအဝင် လူဦးရေ တစ်သောင်းကျော် အားပထမအကြိမ် ကာကွယ်ဆေးထိုးထားရှိပြီး အဆိုပါ ထိုးနှံပြီးစီးသူများအား သတ်မှတ်ရက်၌ ဒုတိယအကြိမ် ကာကွယ် ဆေးထပ်မံထိုးနှံပေးခြင်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်