ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက်များသို့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

 
ပုသိမ် သြဂုတ် ၁၄
 
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်၉ နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာ လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့ပေါ်ရှိ ကျောင်းတိုက် များတွင် သီတင်းသုံးတော်မူနေကြသည့် ပုသိမ်မြို့၊ ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဦးဝိဿုတ(နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)၊ မောင်းထောင်ကျောင်းတိုက်ဆရာတော်ဦးပညာဓိက(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ)၊ မြောင်းမြကျောင်းတိုက်ဆရာတော် ဦးဝဏ္ဏိတာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ)၊ မရမ်းချိုကျောင်းတိုက်ဆရာတော် ဦးသောဘိတ(အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) တို့ထံသို့ ဆွမ်းဆန်၊ ဆီ၊ ကြက်ဥ၊ ဆေးဝါး၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး များထံမှ အနုမောဒနာတရားများ နာယူကြည်ညိုကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်