ဒိုက်ဦး သြဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့တွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍စစ်ဆေးသည်။ ထိုသို့စစ်ဆေးရာတွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ် ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ် ကြောင်း မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ (က) ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေး ဆောင်ရွက်ရန်၊ (ခ)ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေး တွန်းအားပေး ကြပ်မတ်ဆောင်ရွက်ရန်၊ (ဂ) ဆေးဝါးနှင့် ဆေးပစ္စည်းကုမ္ပဏီများနှင့် ဆေးဆိုင်များ၏ ဆေးဝါး နှင့် ဆေးပစ္စည်း လက်ကျန်စာရင်းများ ကောက်ယူပြုစုရန်နှင့်ဈေးကွက် လိုအပ်ချက်စာရင်း ပြုစုရန်၊ (ဃ) ဈေးကွက်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် ဈေးကွက် လိုအပ်ချက်ကို စောင့်ကြည့်ပြီး လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်း နိုင်ရေး တိုင်းဒေသကြီးဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေး အဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်ရန် (c) ဆေးဝါးနှင့် ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီ များ မှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာ ဆေးဆိုင်များ နှင့် ဆေးသိုလှောင် သည့် နေရာများသို့ ဝင်ရောက် ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ (စ) ဆေးဝါးနှင့်ဆေး ပစ္စည်း ကုမ္ပဏီနှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင်ရွက်ပေးရန်၊ (ဆ) ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြည်ပမှ တင်သွင်းသည့် လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သည့် စက်ရုံများ၏ အခက်အခဲများ ရှိပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုး ပေးရန်၊ (ဇ) ဈေးကွက်အတွင်း ဈေးနှုန်း အဆမတန်မြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင် ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည် ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူရန်၊ (ဈ) တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန်၊(ည) ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းများနှင့်(အထောက်အကူပြု ပစ္စည်း များ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့ အတွက် မူဝါဒဆိုင်ရာအခက်အခဲများ ရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြလမ်းညွှန်မှု ခံယူ ဆောင်ရွက်ရန်၊ (ဋ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ရန်၊ မြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေး အဖွဲ့ကိုဖွဲ့စည်းထားကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းမြင့် ပြော သည်။ အဆိုပါဆေးဆိုင်များအားလိုက်လံစစ်ဆေးရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ၊ မြို့နယ် ရဲတပ်ဖွဲ့ မှ ဒုရဲမှူးခင်ဦး၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန မှတာဝန်ရှိသူများ၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဦးမျိုးမြင့်နှင့် မြို့နယ် ကုန်သည်စက်မှုအသင်းကိုယ်စားလှယ် ဦးအောင်လွင်ဦးတို့လိုက်လံစစ်ဆေးခဲ့သည်။ မြို့နယ်(ပြန်/ဆက်) |