ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများအတွက် အသုံးပြုနိုင်ရန် အောက်ဆီဂျင် အိုးကြီး (၅)လုံးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို မြို့နယ် Coronavirus Disease 2019(COVID-19) ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရာ အဆိုပါလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အလှူရှင် များက လုပ်ငန်းသုံးပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်းလျက် ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀ဦးအထိ ရှိလာပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့် ရရှိသူ ၁၄၃ဦး ရှိလာပြီဖြစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာ ၂၀၀ဦးအထိရှိလာပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ပန်လုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှာခေါင်းစည်း (MasK) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းဦးဆောင်၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများသည်  ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့မဈေးတွင် နှာခေါင်းစည်း(MasK) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

သီပေါမြို့နယ်တွင်အပြင် သွားလာသူများအား ပြင်ပသွားလာခွင့်ကတ်ပြား ပါ/မပါစစ်ဆေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီး နိုင်ရန်အတွက် လိုအပ်သည့် စည်းကမ်း ချက်များချမှတ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းနေထိုင်သော ပြည်သူများအား ပြင်ပသွားလာခွင့် ကတ်ပြားပါ/မပါစစ်ဆေးခြင်း နှင့်ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင် သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက် (၁၁) ရပ်ကွက် တို့တွင်  ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ အဆိုပါစစ်ဆေး ဆောင်ရွက်သည့် မြို့ပေါ်ရပ်ကွက်သတ်မှတ် နေရာများတွင် တာဝန်ကျအဖွဲ့များမှ  စစ်ဆေး ဆောင်ရွက်ခြင်းများရှိ/မရှိကို   ထပ်ဆင့်လိုက်လံ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လဟယ်မြို့ကျလွေချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အတွင်းမှနွံများရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျလွေချောင်းရေအား လျှပ်စစ်ရေလှောင်ကန်ကြီးအတွင်းမှ နွံများကို လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဦးဆောင်၍ စက်ယန္တရား(၂)စီးဖြင့် ယမန်နေ့ကစ၍စတင် ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

            မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် ကမ်းနားလမ်းဇက်ဆိပ်တို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ဆိုင်ကယ်၊ မော်တော် ကားများ မလိုအပ်ဘဲအပြင် မထွက်ရန်၊ Mask များ စနစ်တကျတပ်ဆင်ရန်နှင့် အပြင်ထွက်ခွာခွင့် ကတ်များဖြင့် သွားလာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင် ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန်စသည့် ဦးစီးဌာန၏မူဝါဒနှင့် အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ယမန်နေ့က သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယ နှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြသည်။

နမ့်စန်တွင် တပ်မတော်ဆေးရုံနှင့်မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအတွက် အဟာရဖြည့်အစားအစာများထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့ အမှတ်(၈) တပ်မတော်ဆေးရုံ တွင် ဆေးကုသမှုခံယူ လျှက်ရှိသော လူနာများနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူနေသော အရာရှိ၊စစ်သည် မိသားစုများ အတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထောက်ပံ့လှူဒါန်းသော ကြက်ဥ၊ငှက်ပျောသီး နှင့် နွားနို့များကို ယနေ့နံနက် ၁၁ နာရီတွင် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထူးမြတ်တိုးက အဆိုပါ ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး တပ်မတော်ဆေးရုံမှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

လားရှိုး၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များအား တိုင်းရင်းသားဘာသာဖြင့် လိုက်လံဆော်ဩ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ၏လမ်းညွှန်မှုဖြင့် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ‘၀’ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တို့ပူးပေါင်း၍ ဩဂုတ်လ(၁၅)ရက် နံနက်(၉)နာရီအချိန်က လားရှိုးမြို့အဝင် မုဉ်ဦး၊ မြို့လယ်အဝိုင်းပတ်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန် ချက်များအား လိုက်လံအသိပေးဆော်ဩခဲ့သည်။
Subscribe to