ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများနှင့် ပြည်သူများအား ယနေ့နံနက် (၈)နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာခန်းမ၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦး ထိုးနှံ ပြီး

စစ်ကိုင်းတိုင်ဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဒုတိယအကြိမ် ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ဝိုင်းကျေးရွာတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လုပ်ကိုင်နိုင်ရေးအတွက် ယမန်နေ့ က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယအကြိမ်မြောက် စီမံကိန်း ရန်ပုံငွေများ ကွင်းဆင်း ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သော မြို့မစျေးကြီးရှေ့၊ မြောက်ပိုင်းစျေးနှင့် ရွှေစင်ကုန်စုံဆိုင်ရှေ့တို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask များ စနစ်တကျ တပ်ဆင်လာခြင်း မရှိသူများအား ယခုဝယ်ယခုတပ်စနစ်ဖြင့် သြဂုတ်လ(၁၅)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့အတွင်း လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တန့်ယန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီ၊ ဆားနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တန့်ယန်းတပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်း မြို့နယ်တွင် ကျေးရွာများအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ လိုက်လံထိုးနှံပေး လျက်ရှိ

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်း ကျေးရွာအုပ်စု့ ချမ်းမြေ့ရတနာခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက ပန်းတနော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှုများနှင့် အောက်စီဂျင်စက်ရုံ တည်​ဆောက်​နေမှုတို့အား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉လူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ -ဇီဝိတဒါနသံဃဆေးရုံ သီးသန့်လူနာ ကုသဆောင်နှင့်ဆေးရုံဝန်ထမ်းအိမ်ရာ Positive Centre စောင့်ကြည့်နေရာအတွင်း ကျန်းမာရေးစောင့်ကြပ်ပေး၍ ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ ပိုးတွေ့လူနာ(၇၁)ဦးရှိသည့်အနက်ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီးသတ်မှတ်ရက်ပြည့်ပြီဖြစ်သောလူနာ(၇)ဦးတို့အား ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်က ဆေးရုံဆင်းခွင့်လက်မှတ်များကိုထုတ်ပေး၍ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပြည်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကထုတ်ပေးထားသော "အပြင်ထွက်သွားလာ ခွင့်ကတ်"ဖြင့် သွားလာရေး တာဝန်ရှိသူများစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတို့အတွက် ပြည်သူများအနေဖြင့် (Stay at home)နေအိမ်တွင် နေထိုင်ရေးအစီအစဥ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် အများပြည်သူရုံးပိတ် ရက်ရှည် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားလာပါက သက်ဆိုင်ရာကထုတ်ပေးထားသော "အပြင်ထွက်သွား လာခွင့်ကတ်"ဖြင့်သွားလာရေးတို့ကို တာဝန်ရှိသူများက ယနေ့နံနက် ပိုင်း တွင် အမှတ်(၂)ရဲစခန်းရှေ့ ဗိုလ်ချုပ်လမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့‌ကြသည်။
Subscribe to