နောင်တရားဆေးရုံ၌ ကုသရေးသုံပစ္စည်းများကို အလှူရှင်များက လာရောက်လှူဒါန်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံသို့ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးတွင် အသုံးပြုနိုင်ရန် အတွက်ကုသရေးသုံးပစ္စည်းများကို အလှူရှင်များက ယနေ့ နံနက်ပိုင်းတွင် လာရောက်လှူဒါန်းသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၉၀၇)ဦးနှင့် သေဆုံးသူ(၆၅) ဦးထိ ရှိလာပြီဖြစ်

တောင်တွင်းကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာများမှ အနံ့မရရှိကြောင်း သတင်းပေးပို့လာသူများနှင့် ၎င်းတို့နှင့်ထိစပ်သူများအား ယမန်နေ့နံနက်က RDT Test kit ဖြင့်စစ်ဆေး ခဲ့ရာ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယနေ့ညနေအထိ စုစုပေါင်းပိုးတွေ့ အတည်ပြုလူနာ(၉၀၇)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးဆောင်မှုဖြင့် ရန်ကုန်မြို့ အခြေခံလူတန်းစား အိမ်ထောင်စုများသို့ နောင်တရား ဒေသထွက်ကုန်များ ကုန်ချိန်(၁၀၀၀၀)ခန့် ပေးပို့ လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသအတွင်းရှိ ရောင်းဝယ်ရန်ခက်ခဲသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အလှူရှင်များ ပူးပေါင်းဝယ်ယူ၍ ရန်ကုန်မြို့အခြေခံလူတန်းစား အိမ်ထောင်စုများထံသို့ ယနေ့ကုန်ချိန် (၁၀၀၀၀)ခန့် ပေးပို့လှူဒါန်းသည်။

မွန်ပြည်နယ် ဝန်​ကြီးချုပ် မော်လမြိုင်ကျောက်တန်းစက်ရုံစုရှိ Liquid အောက်ဆီဂျင် ဖြည့်တင်း​နေမှု ကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီ က မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုတွင် မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အသုံးပြုရန် ဝိသာခါဖောင်ဒေးရှင်း မှလှူ ဒါန်းသော ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ Liquid ​အောက်ဆီဂျင် တန် ၂၀ ကိုလက်ခံရယူပြီး အောက်ဆီဂျင် ဖြည့်တင်း​နေမှုအား ကြည့်ရှုစစ်ဆေးကာ အ​ထွေ​ထွေ​ရောဂါကု​ဆေးရုံကြီး၊ မြို့ နယ်ပြည်သူ့​ဆေးရုံများနှင့် ပုဂ္ဂလိက​အောက်ဆီဂျင်စက်ရုံများသို့ လိုအပ်သည့် ​အောက်ဆီဂျင် များ အချိန်နှင့်တစ်​ပြေးညီ လျင်မြန်လုံ​လောက်စွာ ရရှိနိုင်​ရေး စီစဉ်​ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် ကိုဗဒ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ ညနေ ၄နာရီ ၃၀မိနစ်အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု နှင့်ဘားမဲတောင်သဘာဝဥယျာဉ် တည်‌ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက် သစ်ရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု၊ အောက်ဆီဂျင်စက် ယာယီထားရှိမှုနှင့် ဘားမဲ တောင်သဘာဝဉယျာဉ် တည်ဆောက်ရေးလုပ်ငန်းများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ ဝန်ထမ်းများအား အခြေခံစားကုန်များထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြန့်မာစီးပွားရေးဘဏ် ကရင်ပြည်နယ်ရုံးနှင့် ခရိုင်၊ မြို့နယ် ဘဏ်ခွဲများမှ ဝန်ထမ်းမျာအား အခြေခံစားကုန် ထောက်ပံ့ပေးအပ်ပွဲကို ယမန်‌နေ့ နံနက်(၁၀) နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ် အစိုးရအဖွဲ့၀င် ဝန်ကြီးများ၊ ပြည်နယ်ဥပ‌ဒေချုပ်နှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုံမှစက်ရုံလုပ်သားများကို ကာကွယ်ဆေးဆက်လက် ထိုးနှံ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် စက်မှုဇုံကနောင်ခန်းမ၌ ယမန်နေ့ နံနက် (၉:၁၅) နာရီမှစတင်၍ စက်ရုံ(၁၄) ရုံမှ စက်ရုံလုပ်သား(၃၄၅)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ထီးချိုင့်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အလှည့်ကျ စနစ်ဖြင့် ဆက်လက် ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် တရုတ်နိုင်ငံထုတ် (Sinopharm ) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်(၉)နာရီမှ စတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများအား အလှည့်ကျစနစ်ဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ အထကကျောင်းဝင်းအတွင်းရှိ သခင်မြမောင်ခန်းမနှင့် ရွှေရတုကျောင်းဆောင်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
Subscribe to