သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ အရံမီးသတ်တပ်ဖွဲ့၀င်များနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများသို့ စားသောက် ကုန်ပစ္စည်း(၇)မျိုးအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်း
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းသော စားသောက်ကုန် ပစ္စည်း(၇)မျိုးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အိမ်တိုင် ရာရောက် လိုက်လံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။