စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများ၊ လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှ
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဩဂုတ်(၁၄)ရက်၊ နံနက်ပိုင်းတွင် ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ အသက် (၆၅)နှစ်အထက် အဘိုးအဘွားများ၊ ပြည်သူများနှင့် လူမူရေးအသင်း အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ကြည့်ရှု့စစ်ဆေးပြီး ကာကွယ် ဆေးထိုးနှံနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။