ရမ်းဗြဲမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်တားဆီး ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့်ပြည်သူများမှ ကိုဗစ် - ၁၉ ရောဂါကို ကြိုတင်တားဆီးကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၈ နာရီအချိန်က ရမ္မာဝတီမြို့မဈေးလမ်းဆုံ၌ Mask Campaign ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြ ပါသည်။

ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်မြတ်ကို ပြည်မြို့ ဗဟိုမီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများအသင့်ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းလေ့ကျင့် နေမှု တို့အား ကြည့်ရှုစစ်ဆေး

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ​ ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မြတ် ကိုသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ဗဟိုမီးသတ်ဦးစီးဌာနရုံး၌ ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသင့် စုဖွဲ့ထားရှိမှု အခြေအနေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း လေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ်မြောက် ပြန်လည်ထုတ်ချေးပေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ၍ အရင်းမပျောက်လည်ပတ် ရန်ပုံငွေအဖြစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာကျေးရွာတွင် အဆိုပါ စီမံကိန်း ဆဌမအကြိမ်မြောက် လည်ပတ်ရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဇလွန်မြို့နယ်၌ မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျိုက်မရောတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ သွားလာနေသူများအား စစ်ဆေး ကြပ်မတ်၍ ဒဏ်ငွေရိုက် အရေးယူလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံမှု လျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ

တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုး နှံပေးလျက်ရှိ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမ္မာန် ၊ တိုက်နယ် ဆေးရုံများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် စုရပ်အဖြစ်သတ်မှတ်၍ ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည် ။

ထီးချိုင့်မြို့နယ်၊ နီကယ်ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်ဥနှင့် ဝတ္ထုငွေများ သွားရောက်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မီးသတ်စခန်းမှ ဆရာ/ဒကာ ကျောင်းတိုက်ဖြစ်သော မောင်းကုန်းကျေးရွာ နီကယ်ဘုန်းတော်ကြီးသင် စာသင်ကျောင်းသို့ ရဟန်းသံဃာတော်များအနေဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲမှု မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီများကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန်ကန်မြို့၌ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် မန်ကန်-ပန်ဆန်း (ပန်ခမ်း) လမ်းတွင် မြေပြိုမှုဖြစ်ပွား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းခရိုင်၊ မန်ကန်မြို့၌ မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန်ကန်-ပန်ဆန်း(ပန်ခမ်း)လမ်းမကြီးတွင် ကမ်ပါး မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to