ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်မြတ်ကို ပြည်မြို့ ဗဟိုမီးသတ်ဦးစီးဌာနရုံး၌ ရှာဖွေ ကယ်ဆယ်ရေး သုံးပစ္စည်းများအသင့်ထားရှိမှုနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းလေ့ကျင့် နေမှု တို့အား ကြည့်ရှုစစ်ဆေး

ပြည်  ဩဂုတ် ၁၇

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ​ ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မြတ် ကိုသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ဗဟိုမီးသတ်ဦးစီးဌာနရုံး၌ ပြည်ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသင့် စုဖွဲ့ထားရှိမှု အခြေအနေနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်း လေ့ကျင့်နေမှုတို့အား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ကြည့်ရှုစစ်ဆေးရာတွင်  ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိမှု အခြေအနေ၊ ရှာဖွေကယ်ဆယ်ရေးသုံး စက်/ယာ ပစ္စည်းကိရိယာများ ကြံခိုင်မှုအခြေအနေ၊ အသင့်ထားရှိမှု အ‌ခြေအနေနှင့် ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများဖြင့် ရေဘေး၊ မီးဘေး၊ လေဘေး အစရှိသည့်သဘာဝဘေး အန္တရာယ်ဆိုင်ရာ (ရေပြင်/မြေပြင်)ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့ လေ့ကျင့် ဆောင်ရွက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနရုံးမှသိရသည်။

ကိုဆက်