စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ(၁၇)ရက်၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာအနောက်ဘက် ကန် (၄၃.၅ ဧက) အတွင်း သန့်ရှင်းသာယာလှပရေး ဗေဒါများ ဆယ်ယူနေမှုလုပ်ငန်းများနှင့် ကန်သာယာအနောက်ဘက်ကန် ဆက်လက်ဆောင်ရွက်ရန်လိုအပ် သော ပျမ်းမျှအနက်(၄)ပေတူးခြင်းနှင့် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။

တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

          ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည် လမ်း၊ ဗောဓိကုန်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ပြည်နယ်စည်ပင်သာရေးအဖွဲ့ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည့် စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ပင်းတယမြို့နယ်အတွင်းရှိ ပွေးလှကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ရန်အတွက် ငါးသားပေါက်များလွှဲပြောင်းပေးအပ်

ါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ဒေသတွင်းငါးမျိုးပြုန်းတီးမှုများ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ နယ်အတွင်းရှိ ပွေးလှကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန မှ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီခွဲက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်မြစ်ကျင်းကျေးရွာအနီး ကွန်ကရစ်လမ်း ၂၅ ပေခန့်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဩဂုတ် ၁၆ ရက်နှင့် ၁၇ ရက်နေ့များက မိုးသည်းထန်စွာ သွန်းခဲ့ ခြင်းကြောင့် ကန့်ဘလူ- ထန်းကုန်း- ကာဘိုးလမ်းပေါ်ရှိ  ချင်မြစ်ကျင်းကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကွန်ကရစ်လမ်းပိုင်းသည် ရေတိုက်စားမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက ၂၅ ပေ ခန့် ကျိုးကျပျက်စီးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့မဆည်နှင့် နောက်ဘိုကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ငါးရိက္ခာဖူလုံမှုရှိစေရန်၊ ငါးသယံဇာတဖွံ့ဖြိုးလာစေရန်နှင့် ဒေသတွင်းငါးမျိုးပြုန်းတီးမှုများ ကာကွယ်တားဆီးနိုင်ရန်ရည်ရွယ်၍ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ နယ်အတွင်းရှိ မြို့မဆည်နှင့် နောက်ဘိုကန်အတွင်းသို့ ငါးမျိုးများစိုက်ထည့်ရန်အတွက် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီက ညောင်ရွှေမြို့နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်းမတွင် လူမှုရေးဝန်ကြီးဌာန အောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ပြည်သူ့ဆေးရုံကြီးသို့ Oxygen Concentrator (၁၄) လုံးနှင့် ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တောင်ငူမြို့သို့ ရောက်ရှိကာ တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ တောင်ငူပြည်သူ့ ဆေးရုံကြီးအတွက် Oxygen Concentrator (၁၄) လုံးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းဆက်ကပ်လှူဒါန်းမည်

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွွားနေ့သည့်ကာလအတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ်တော်မူကြသော သံဃာတော် များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ၏ ဆွမ်းကွမ်းကိစ္စများအဆင်ပြေစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကျောက်တန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ ဝါဆို၊ ဝါကပ် တော်မူ ကြသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းများ ဆက်ကပ် လှူဒါန်းသွားမည်ဖြစ် ကြောင်း သိရသည်။

ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)များ ထပ်မံထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊   ပုလဲမြို့၊   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲ ရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉နာရီက အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to